Videos
စတီးချောင်းစိုက်ဝင်သော်လည်းအသက်ဘေးမှ လွတ်မြောက်ခဲ့သူ
ကျိနန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျိနန် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမားတစ်ဦးသည် ဆောက်လက်စ လုပ်ငန်းခွင်တွင် ၁ မီတာ အရှည်ရှိသည့် စတီးချောင်း ပေါ်သို့ မတော်တဆချော်လဲခဲ့ပြီး ခန္ဓာကိုယ်အတွင်း သံချောင်းစိုက်ဝင်ခဲ့သည်။ မီးသတ်သမားများမှာ မိနစ် ၃ဝ ခန့် အချိန်ယူကာ စိုက်ဝင်နေသည့် သံချောင်းကိုဖြတ်ထုတ်ခဲ့ရသည်။ အချင်းဝက် ၂.၅စင်တီမီတာ ရှိသည့် သံချောင်း ကြီးသည် ထိုသူ၏ နံရိုးထဲသို့ိစိုက်ဝင်နေပြီး ၎င်းကို ဆေးရုံတွင် ခက်ခဲစွာထုတ်ယူပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်းသိရသည်။ (Xinhua)