Connect with us

Videos

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ၊ ရုရှားသမ္မတပူတင် နှင့် အထူးသီးသန့်တွေ့ဆုံမေးမြန်း

စိန့်ပီတာဘာ့ခ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေး တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျောက် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ် တွင် အထူးသီးသန့်တွေ့ဆုံ မေးမြန်းခဲ့ကြသည်။
စိန့်ပီတာဘာ့ခ် တွင် ကျင်းပနေသည့် Saint Pertersberg International Economic Forum တွင် တစ်နာရီ ကြာတွေ့ဆုံမှုတွင် ရုရှားသမ္မတ ပူတင် က တရုတ်နှင့် ရုရှားနိုင်ငံတို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့်ကိစ္စ များနှင့် ပတ်သက်၍ အသေးစိတ်ဖြေကြားခဲ့သည်။
ထိုသို့မေးမြန်းရာတွင် ရုရှားသမ္မတပူတင်က ယခုလက်ရှိ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုအပေါ် သမ္မတပူတင်၏ အမြင်၊ တရုတ်-ရုရှား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်အပေါ် သမ္မတပူတင်၏ မျှော်လင့်ချက်၊ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းအပေါ်အမြင်၊ တရုတ်နိုင်ငံက အဆိုပြုထားသည့် ဥရောပအာရှ နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့်အကြောင်း၊ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့အစည်း(SCO) အပေါ်၎င်း၏အမြင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် တရုတ်နှင့်ရုရှား နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချင်းချင်းအပြန်အလှန်နားလည်မှု စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.