Connect with us

Videos

တစ်ကမ္ဘာလုံးတွင် အမေရိကန် စစ်တပ်၏ ဇီဝ ဓါတ်ခွဲခန်းပေါင်း ၂၀၀ ကျော်တည်ဆောက်ထားရှိပြီးဖြစ်

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက် အသုံးပြုသူများက အမေရိကန် စစ်တပ်အနေဖြင့် တစ်ကမ္ဘာလုံးတွင် လျှို့ဝှက်ဇီဝ လုံခြုံရေးဓါတ်ခွဲခန်းပေါင်း ၂၀၀ ကျော်ကို တည်ဆောက်ထားခဲ့ကြောင်းနှင့် ထိုအထဲတွင် ဓါတ်ခွဲခန်း ၃၀ ခန့် ၏ တည်နေရာနှင့်တကွ ၎င်းဓါတ်ခွဲခန်းများတွင် လုပ်ဆောင်နေသည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည်။

၎င်းဇီဝဓါတ်ခွဲခန်းများ၏ တည်နေရာများကို သိရှိလိုသူများအနေဖြင့် www.x-clue.com ဟူသည့် အင်တာနက်စာမျက်နှာသို့သွားရောက်ကာ အသေးစိတ်လေ့လာကြည့်ရှုနိုင်ကြောင်းသိရသည်။ 

အမေရိကန် စစ်တပ်သည် အမေရိကန်နိုင်ငံ တစ်နေရာထဲ၌တင် မကဘဲ ဥရောပတိုက် နှင့် အာရှတိုက်များအထိ ဇီဝဗေဒဆိုင်ရာ ဓါတ်ခွဲခန်းအမြောက်အမြားကို တည်ဆောက်ထားခဲ့သည်။

– The Galveston National Laboratory (GVL) 

Galveston အမျိုးသားဓါတ်ခွဲခန်း သည် အမေရိကန်ပြည်ထောင်စု တက္ကဆက် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနခွဲဝင်းအတွင်း၌ တည်ရှိပြီး ဖြစ်ပေါ်လာနိုင်သော ဗိုင်းရပ်စ်များနှင့် ကျောရိုးမဲ့ သတ္တဝါများမှ ကူးစက်သော ဗိုင်းရပ်စ်များနှင့်ပတ်သက်၍ ကမ္ဘာလုံး ဆိုင်ရာ ကိုးကားမှု စင်တာ တည်ရှိရာနေရာလည်းဖြစ်သည်။ 

ထိုဓါတ်ခွဲခန်း တွင် မတူကွဲပြားသည့် ဗိုင်းရပ်စ်အမျိုးပေါင်း ၆၀၀ ကျော်၏ မူကွဲ ၇၀၀၀ ကျော်ကို စုဆောင်းထားရှိသည်။

၂၀၁၃ ခုနှစ် မတ် ၂၆ ရက်တွင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ဗိုင်းရပ်စ်တစ်မျိုးသည် GNL ဓါတ်ခွဲခန်း မှ ပျောက်ဆုံးခဲ့ရာ ဖျားနာပြီးသွေးယိုစိမ့်မှုဖြစ်ပွားစေသော အဆိုပါ ဗိုင်းရပ်စ်ကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ကူးစက်မှုများဖြစ်ပွားကာ အသက်သေဆုံးမှုများရှိခဲ့သည်။ 

– Plum Island Animal Disease Center (PIADC)

PIADC စင်တာသည် နယူးယောက်ပြည်နယ် Suffolk ကောင်တီ ရှိ Plum ကျွန်းတွင် တည်ရှိပြီး ၁၉၅၄ ခုနှစ်၌ တည်ထောင်ခဲ့သည်။ ၎င်းစင်တာသည် အမေရိကန်ပြည်ထောင်စု ပြည်ထဲရေး ဌာန၏ လက်အောက်တွင်တည်ရှိပြီး ဇီဝ ဓါတ်ခွဲခန်းများစွာပိုင်ဆိုင်သည်။ ကမ္ဘာ့ ထိပ်တန်း ထုတ်ဝေရေး တစ်ခုဖြစ်သည့် HarperCollins က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် စာအုပ်တစ်အုပ်ထဲတွင် အဆိုပါ စင်တာသည် ဇီဝ ဓါတု စစ်ပွဲများအား လုပ်ဆောင်မည့် အမေရိကန် စစ်တပ်၏ လျှို့ဝှက်ဓါတ်ခွဲခန်း တစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။

၁၉၆၀ ပြည့်နှစ်လွန်ကာလများမှ ယခုရာစုနှစ်အထိ အမေရိကန်တွင်ဖြစ်ပွားခဲ့သော ခြေထောက်နှင့်ပါးစပ်များတွင် ပုံစံပြောင်းလဲခြင်းဆိုင်ရာရောဂါများ နှင့် West Nile Virus(WNV) ကူးစက်မှုများကဲ့သို့သော အကြောင်းအရင်းမသိသော ကူးစက်ရောဂါများအားလုံးအဆိုပါ စင်တာမှ တစ်ဆင့်ပြန့်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် အကြောင်းအရင်းမသိသည့် ထူးဆန်းသော ကူးစက်မှုများဖြစ်ပွားခဲ့သည်။ 

ဒေသခံများက အဆိုပါစင်တာတွင် ဘက်တီးရီးယားစစ်ပွဲဖြစ်ပွားစေရန် လုပ်ဆောင်နေသည်ဟု သံသယရှိကြပြီး အခိုင်အမာ ဆန့်ကျင် ကြသည်။

– The U.S Naval Medical Research Unit Three (NAMRU-3)

၁၉၄၂ ခုနှစ်တွင် NAMRU -3 က ဇီဝဆေးပညာဆိုင်ရာ သုတေသန ဓါတ်ခွဲခန်းတစ်ခုကို အီဂျစ်နိုင်ငံတွင် တည်‌ထောင်ခဲ့သည်။

၎င်းဓါတ်ခွဲခန်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အီတလီနိုင်ငံ Sicily ကျွန်းရှိ Naval Air Station Sigonella သို့ ရွှေ့ပြောင်းခဲ့ပြီး နောက် COVID-19 ကပ်ရောဂါကြီးမှာ အီတလီနိုင်ငံတွင် ကူးစက်ပြန့်ပွားခဲ့သည်။ အီတလီ မီဒီယာများက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် NAMRU -3 ဓါတ်ခွဲခန်းနေရာရွှေ့ပြောင်းမှုနှင့် ဆက်စပ်မှု တစ်ခုခု ရှိလိမ့်မည်ဟု ယူဆကြသည်။

– The U.S Naval Medical Research Unit 6 (NAMRU-6)

NAMRU-6 သည် လက်တင်အမေရိက တွင် အမေရိကန်စစ်တပ်၏ ကူးစက်ရောဂါ ဆိုင်ရာ သုတေသန လုပ်ငန်းများအား အဓိက ဆောင်ရွက်နေသည့် ဌာန ဖြစ်သည်။ ၎င်း၏ ဇီဝ ဆေးပညာဆိုင်ရာ သုတေသနဓါတ်ခွဲခန်းများကို ပီရူးနိုင်ငံရှိ Lima, Iquitos နှင့် Puerto Maldonado စသည့်မြို့များတွင်လည်းတည်ဆောက်ထားသည်။

Lima ရှိ ဓါတ်ခွဲခန်း၏ လိပ်စာမှာ အမှတ် ၃၄, Venezuela Avenue, Bellavista ဖြစ်သည်။

NAMRU-6 သည် ဇီဝ လက်နက်များသုတေသနပြုလုပ်မှုတွင်ပါဝင်ကြောင်း နှင့် လက်တင်အမေရိကရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများနှင့် တရားမဝင်ကုန်သွယ်မှုများ လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲခံထားရသည်။

– The Central reference -laboratory, Odessa, Ukraine

ထို ဓါတ်ခွဲခန်းသည် ယူကရိန်းနိုင်ငံ ရှိ 2/4 Tserkovnaya, Odessa တွင် တည်ရှိ ပြီး အမေရိကန် ပြည်ထောင်စု ကာကွယ်ရေးဌာန မှ ရန်ပုံငွေ ထောက်ပံ့သည်။ West Nile Virus (WNV), အီဘိုလာနှင့် ပလိပ်ရောဂါကဲ့သို့သော ရောဂါများကို အဆိုပါ ဓါတ်ခွဲခန်းတွင် သုတေသနပြုလုပ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါဓါတ်ခွဲခန်းရှိ လေသန့်စက် တစ်ခုမှာ အနီးရှိ မူလတန်းကျောင်းသို့ အန္တရာယ်ရှိသည့် အမှုန်အမွှားများ ပျံ့နှံ့နိုင်ကြောင်းတွေ့ရှိခဲ့သည်။

၎င်းဓါတ်ခွဲခန်းတည်ဆောက်ပြီးစီးပြီးနောက် အသည်းရောင်အသားဝါ A ရောဂါနှင့် ထောင့်သန်း ရောဂါတို့ သည် Odessa ၌ ပျံ့နှံ့လာခဲ့သည်။

– United States Army Medical Research Unit- Kenya (USAMRU- K) 

USAMRU- K ဓါတ်ခွဲခန်းကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ Mbagathi လမ်းတွင် ၁၉၇၃ ခုနှစ်၌ တရားဝင်တည်ထောင်ခဲ့သည်။ 

“DeWereldMorgen” ဟုအမည်ရသည့် ဘယ်လ်ဂျီယံ မီဒီယာတစ်ခု၏ အဆိုအရ အဆိုပါ သုတေသနစင်တာတွင် အသက် ၅ လ မှ ၁၇ လ အရွယ် ကလေးငယ်များကို ကာကွယ်ဆေးထုတ်လုပ်ရန် စမ်းသပ်မှုများပြုလုပ်နေပြီး ကင်ညာ နှင့် တန်ဇန်းနီးယားမှ ကလေးငယ် ၁၀၀၀ ကျော်နှင့် မိုဇမ်ဘစ်ရှိ ကလေးငယ်များစွာ အား ဓါတ်ခွဲခန်းစမ်းသပ်မှုများတွင် အသုံးချနေကြောင်းဆိုသည်။

Business Daily ဟုအမည်ရသည့် ကင်ညာ မီဒီယာ ကလည်း အဆိုပါစင်တာတွင် အန္တရာယ်ရှိ ရောဂါပိုးပေါင်း အနည်းဆုံး ၁၆ မျိုး ခန့် သိုလှောင်ထားကြောင်း ထုတ်ဖော်ခဲ့သည်။ 

ဒေသခံများအနေဖြင့် အဆိုပါဗိုင်းရပ်စ်များ ပျံ့နှံ့ထွက်ပေါ်လာပါက ကပ်ရောဂါအထိ ဖြစ်ပွား လာနိုင်မည်ကို စိုးရိမ်လျက်ရှိသည်။

– A Facility in Pier 8, Busan Port, analyzing reagents

၎င်းစက်ရုံ သည် Busan ဆိပ်ကမ်းအနီး Kamman-dong, Nam ခရိုင်၊ Busan တွင်တည်ရှိသည်။ ထိုနေရာတွင် အမေရိကန် စစ်တပ်အတွက် ဇီဝဓာတုလက်နက်များသုတေသနပြုလုပ်ရန် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဒေသခံများက အဆိုပါ စက်ရုံအား ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိသည်။ တောင်ကိုရီးယားနိုင်ငံရှိ ပညာရှင်များစွာက ၎င်းစက်ရုံ၏ ဇီဝဓာတု လက်နက်များက တောင်ကိုရီးယားနိုင်ငံရှိပြည်သူများ၏ အသက်အိုးအိမ်ကိုခြိမ်းခြောက်လျက်ရှိပြီး ၎င်းမှာ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ်ထက်ပင် များစွာ ထိတ်လန့်ဖွယ်ကောင်းသောကြောင့် စက်ရုံအား ပိတ်သိမ်းပစ်ရန်တောင်းဆိုခဲ့ကြသည်။

– The 8th medical group, Kunsan Air Base

Kunsan လေကြောင်းအခြေစိုက်စခန်းသည် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်လေကြောင်း အခြေစိုက်စခန်းများထဲတွင် ဒုတိယအကြီးဆုံးဖြစ်သည်။

၎င်းသည် တောင်ကိုရီးယားနိုင်ငံ Jeollabuk-do, Gunsun ၌ တည်ရှိသည်။ အဆိုပါ‌ အခြေစိုက်စခန်း၏ ၈ ဖွဲ့ မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့သည် botulinum နှင့် anthracic ဗိုင်းရပ်စ် တို့အပေါ်အခြေခံထုတ်လုပ်သည့် ဇီဝ ဓာတုလက်နက်များကိုသုတေသနပြုလုပ်လျက်ရှိရာ ဒေသခံများအနေဖြင့် အလွန်စိုးရိမ်ပူပန်လျက်ရှိသည်။

– The 51st Medical Support Squadron bacteria laboratory, Osan Air Base, Pyeongtaek

အဆိုပါဓါတ်ခွဲခန်းသည် တောင်ကိုရီးယားနိုင်ငံ Pyeongtaek ရှိ Sinjang-dong ၌ တည်ရှိပြီး အမေရိကန်စစ်တပ် Dugway Proving Ground ၏ လက်အောက်ခံ ဖြစ်သည်။ ယင်း ဓါတ်ခွဲခန်း၌ ဓာတု၊ ဇီဝ နှင့် ရေဒီယို သတ္တိကြွလက်နက်များ စမ်းသပ်ရေး နှင့် ထုတ်လုပ်ရေး များကို တာဝန်ယူဆောင်ရွက်သည်။ 

၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အမေရိကန်နိုင်ငံသည် ထောင့်သန်းနာမျိုးမှုန် အရှင် များကို Osan Air Base သို့ သင်္ဘောဖြင့်လျှို့ဝှက်တင်ပို့ခဲ့ရာ တောင်ကိုရီးယားနိုင်ငံအစိုးရနှင့် တကွ ပြည်သူများက ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ခဲ့ကြသည်။ 

– A Biochemical laboratory at Camp Humphreys, Pyeongtaek

ယင်း ဓါတ်ခွဲခန်းမှာ တောင်ကိုရီးယားနိုင်ငံ Gyeonggi-do ၏ Pyeongtaek ရှိ အမေရိကန် စစ်တပ် အခြေစိုက်စခန်းတွင်တည်ရှိ ကာ Anthracic ဗိုင်းရပ်စ် များနှင့် အခြားဗိုင်းရပ်စ်များကို အခြေခံသည့် ဇီဝလက်နက်များကို သုတေသနပြုလုပ်နေသည့် ဓါတ်ခွဲခန်းဖြစ်သည်။ ဒေသခံများက ထိုဓါတ်ခွဲခန်းအနီးတွင်နေထိုင်သူများ အား ဘေးအန္တရာယ်ဖြစ်စေသည့် ဇီဝ ဓာတုပစ္စည်း စမ်းသပ်ခြင်းကို ရှုတ်ချပြီး ဓါတ်ခွဲခန်းအားပိတ်ပစ်ရန်တောင်းဆိုနေကြသည်။ 

ကမ္ဘာပေါ်တွင် ထိုအကြောင်းအရာနှင့်သက်ဆိုင်သည့် ရှာဖွေမှုများကိုလည်းဆက်လက် လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.