Connect with us

Videos

တရုတ်နိုင်ငံက ကပ်ရောဂါနှင့် ရေကြီးရေလျှံမှုများအကြား ဆန်ရေစပါး စားနပ်ရိက္ခာလုံခြုံမှုရှိစေရန်ဘက်ပေါင်းစုံမှ အားထုတ်လျက်ရှိ

ပေကျင်း၊ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ်အတွင်း COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့မှုနှင့်အတူ ဆိုးဝါးသောမိုးကြီးမှုနှင့် ရေကြီးရေလျှံမှုဖြစ်ပွား နေသည့်ကာလတစ်လျှောက် တွင် နိုင်ငံအတွင်း ဆန်ရေစပါး စားနပ်ရိက္ခာလုံခြုံမှုရှိစေရန် ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်း အစားအသောက် ထုတ်လုပ်မှု နှင့် သုံးစွဲမှု အများဆုံးနေရာတွင် ရပ်တည်နေသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ပြီးခဲ့သည့်နှစ်တွင် ဆန်စပါး ထွက်ရှိမှုပမာဏမှာ တန်ချိန် ၆၆၄ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ၁၆ ကြိမ်မြောက် ဆန်စပါးထွက်ရှိမှုအမြင့်ဆုံးအကြိမ်ဖြစ်ခဲ့သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ နွေစပါး ထွက်ရှိမှု ပမာဏမှာ တန်ချိန်ပေါင်း၁၄၂.၈၁ သန်း ထွက်ရှိခဲ့သောကြောင့် သမိုင်းတွင်လောက်အောင်အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့ပြီး ၎င်းမှာ မနှစ်ကထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.