Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး အဆင့်မြှင့်တင်ထားသောလျှပ်စစ်လေယာဉ်စမ်းသပ်ပျံသန်းမှုစတင်

ရှန်းယန်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှန်းယန်တွင် ၏ ပထမဆုံး အဆင့်မြှင့်တင်ထားသော လျှပ်စစ်လေယာဉ်စမ်းသပ်ပျံသန်း ခဲ့ကြောင်းသိရသည်။ လူ၂ ဦးလိုက်ပါစီးနင်းနိုင်သည့် RX1E-A ဟုအမည်ရသည့် အဆိုပါလျှပ်စစ်လေယာဉ်ကို ရှန်းယန်အာကာသတက္ကသိုလ် က တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တစ်နာရီလျင် ၁၆ဝ ကီလိုမီတာ အထိပျံသန်းနိုင်ပြီး လေထီးစနစ်များကိုလည်းမွမ်းမံတပ်ဆင်ထားသောကြောင့် လေယာဉ်မောင်းနှင်သူနှင့် လေယာဉ်ဆင်းသက်ရာတွင်ဘေးကင်းလုံခြုံစေမည်ဖြစ်သည်။ ထိုလေယာဉ်ကို လေကြောင်းသင်တန်းများ၊ ခရီးသည်သယ်ယူပို့ဆောင်ခြင်းများနှင့် ကောင်းကင်ဓါတ်ပုံရိုက်ကူးခြင်းများတွင်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ထားသော ထိုလေယာဉ်များကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်ဈေးကွက်များသို့ဖြန့်ချိသွားနိုင်ရန်ရည်ရွယ်သည်။ RX1E လေယာဉ်များကို ၂ဝ၁၆ ခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး ပျံသန်းကြာချိန် ၄၅ မိနစ်အထိရှိခဲ့ကာ ယခု အဆင့်မြှင့်တင်ထားသော RX1E-A ကို အဆင့်မြင့်မွမ်းမံမှုများပြုလုပ်ထားသောကြောင့် ပျံသန်းချိန် ၂နာရီကြာမြင့်အောင်ပျံသန်းနိုင်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.