Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီက ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးပါဝင်သော အသိုက်အဝန်းကိုတည်ဆောက်ရန်အားပေး

ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ကာကွယ်မှုမြှင့်တင်ရေး ကုလသမဂ္ဂ အဓိကအစည်းအဝေးတွင် ကမ္ဘာပေါ်ရှိ သက်ရှိအာလုံးပါဝင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် အောက်တိုဘာ ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
“ဇီဝမျိုးကွဲများကို ကာကွယ်ခြင်းဟာ ကမ္ဘာမြေကြီး၊ ကျွန်တော်တို့ရဲ့ ဘုံအမိမြေကို ကူညီရာရောက်သလို လူသားမျိုးနွယ်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုနေပါတယ်” ဟု ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (COP15) တွင် ရှီက ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ရှီက ဘုံအနာဂတ်ကို ရှေးရှုသောအားဖြင့် လူသားမျိုးနွယ်အတွက် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု ခရီးသစ် စတင်ရန်နှင့် လက်ချင်းယှဉ်တွဲရန် နိုင်ငံများအား ပြောခဲ့သည်။

“ဇီမျိုးကွဲဆိုတာက ကမ္ဘာမြေကြီးအတွက် အားမာန်နှင့် တက်ကြွမှုပြည့်ဝစေပြီး လူသားများ အသက်ရှင်သန်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အုတ်မြစ်ချပေးပါတယ်” ဟု ရှီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ သမ္မတ ရှီက COP15 သည် ၂၀၂၀ ပြည့်နှစ်အလွန် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲမူဘောင် အဆုံးသတ်ခြင်းအတွက် လုပ်ဆောင်သွားမည်ဖြစ်သလို အနာဂတ်တွင် ကမ္ဘာ့ ဇီဝမျိုးကွဲကာကွယ်ခြင်းအတွက် ရည်မှန်းချက်များနှင့် လမ်းကြောင်းများ ချမှတ်သွားမည်ဖြစ်သည့်အတွက် အလွန်အရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိများအားလုံးပါဝင်သော အသိုက်အဝန်းတစ်ခု ထူထောင်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ သဘောတူညီချက် တည်ဆောက်ခြင်းနှင့် ခွန်အားများ စုပေါင်းခြင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လူသားနဲ့ သဘာဝကြားက ဆက်ဆံရေး ဟန်ချက်ညီစေရန် ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်အဖြစ် ဂေဟဗေဒဆိုင်ရာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု သမ္မတ ရှီက အလေးထားပြောကြားခဲ့သည်။ လူသားများ၏ လှုပ်ရှားဆောင်ရွက်မှုများမှာလည်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် အကန့်အသတ်အတွင်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစိမ်းရောင်လမ်းကြောင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးရဲ့ နှစ်ဘက်အကျိုးရှိမှု သေချာစေရေး ကြိုးပမ်းအားထုတ်မှုများ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ဆောင်ရွက်သွားဖို့လိုပါတယ်” ဟု ခိုင်မာသောဂေဟဗေဒစနစ်နှင့် သဘာဝပတ်ဝန်းကျင်က သဘာဝအလျောက် ပိုင်ဆိုင်မှုရော စီးပွားရေးပါ တစ်ခုတည်းဖြစ်ကြောင်း မှတ်ချက်ပြုလျက် ရှီက ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတ ရှီက အစိမ်းရောင်အသွင်ကူးပြောင်းမှုချမှတ်ခြင်း အရေးပါမှုက ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရေး ကြိုးပမ်းအားထုတ်မှုများအား အလေးထားပြောကြားခဲ့ပြီး နိုင်ငံတကာ အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှုချမှတ်ခြင်းနှင့် နိုင်ငံများအကြား အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ မျှဝေခြင်းအတွက်လည်း တိုက်တွန်းပြောကြားခဲ့သည်။

လူမှုရေး ညီမျှမှုနှင့် တရားမျှတမှုမြှင့်တင်ရေးအတွက် ပြည်သူများ၏ သုခချမ်းသာမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားလျက် နိုင်ငံတကာဥပဒေအနေဖြင့် မျှတ၍ ညီမျှမှုရှိသော နိုင်ငံတကာအုပ်ချုပ်ရေးစနစ်တစ်ခုကို ထိန်းသိမ်းရန်အတွက် အခြေခံထားရှိသင့်ကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။

“သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအသစ်များသည် ကျွန်တော်တို့က ရည်မှန်းချက်ချမှတ်ထားရန် လိုအပ်သော်ငြားလည်း လက်တွေ့ကျပြီး ညီမျှမှုရှိရေးအတွက် ဦးတည်ထားရမှာဖြစ်ပါတယ်။ ဒါမှသာကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို ပိုမိုမျှတပြီး သာတူညီမျှရှိအောင် လုပ်ဆောင်နိုင်မှာပါ” ဟု ရှီက ပြောခဲ့သည်။ (Xinhua)

………………………………………………

(English Version)
Xi calls for joint efforts for humanity’s high-quality development
Chinese President Xi Jinping on Tuesday called on countries around the world to join hands and start a new journey of high-quality development of humanity.
Xi made the remarks while addressing the leaders’ summit of the 15th meeting of the Conference of the Parties to the Convention on Biological Diversity via video link in Beijing.
The development of ecological civilization should be taken as a guide to coordinate the relationship between human and Nature, Xi stressed, adding that human activities need to be kept within the limits of the ecology and environment.
Xi urged efforts to let green transition drive people’s efforts to facilitate global sustainable development, and called for stepping up green international cooperation to share the fruits of green development among all countries.
Stressing the need to better people’s well-being to promote social equity and justice, Xi noted that international law should be the basis to uphold a fair and equitable international governance system.
Xi also said that the new environmental protection targets people set need to be ambitious on the one hand and pragmatic and balanced on the other.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.