Videos
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး တံတားကြီး ဖွင့်ပြီ
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းနှင့် အနောက်တောင်ဘက်ပိုင်းရှိ မဖွံ့ဖြိုးသေးသော ဒေသများသို့ ချိတ်ဆက်ထားပြီး အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့ အမြင့်ဆုံး တံတား Beipanjiang အား ဖြတ်သန်းသွားလာနိုင်ရန်အတွက် ဖွင့်လှစ်လိုက်ပါပြီ။ အဆိုပါ တံတားသည် တောင်ကြား အထက် အမြင့်ပေ ၅၆၅ မီတာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ (Xinhua)