Connect with us

Videos

တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းလမ်း၊ရေလမ်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးပမာဏ ယခုနှစ် ပထမ သုံးလပတ်ကာလတွင် တိုးမြင့်လာ

ကွမ်ရှီး၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်ပိုင်းဒေသတွင် ကုန်းလမ်းရေလမ်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုသည် ယခုဘဏ္ဍာနှစ် ပထမ သုံးလပတ်ကာလတွင် ၃,၁၇၄ ကြိမ်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ပိုများကြောင်း China Railway Nanning Group Co., Ltdက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်မှုအကြိမ်အရေသည် ၂၀၁၉ခုနှစ် ကာလတူထက် ၁,၆၅၇ ကြိမ် ပို၍များကြောင်း ၎င်းကုမ္ပဏီက ဆိုသည်။ကုန်လမ်း၊ရေလမ်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုလမ်းကြောင်းသည် နိုင်ငံတကာ ကုန်းရေ ကုန်သွယ်စီးပွား စင်္ကြံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရာ ယင်းစင်္ကြံမှာ တရုတ်နိုင်ငံအနောက်ပိုင်းဒေသ ပြည်နယ်များနှင့် စင်ကာပူနိုင်ငံတို့ အတူတကွ တည်ဆောက်ထားသည့် ကုန်သွယ်ရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် Nanning company၏ အဆက်မပြတ်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခဲ့သလို ရေးဆွဲထားသည့် စီမံချက်များကြောင့် သယ်ယူပို့ဆောင်သည့်ကြာချိန် လျော့နည်းသက်သာသွားကြောင်း သိရသည်။ယခုနှစ်မှစ ယနေ့အချိန်ထိ ကုန်သွယ်ရေးစင်္ကြံ ဖြစ်သည့် ချင်းကျိုးဆိပ်ကမ်းတွင် ကွန်တိန်နာ(TEUs)ပေါင်း ၂ သိန်းကျော်ကို စီမံလက်ခံပို့ဆောင်ခဲ့ရာ ၎င်းမှာပြီးခဲ့သည့်နှစ်၏ စုစုပေါင်းပမာဏထက်များစွာ ကျော်လွန်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.