Connect with us

Videos

တရုတ်နှင့် မြန်မာ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားမည်ဟု သစ္စာပြု

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၉ ရက်က ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနပြည်ထောင်စု ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခု ကတိထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပူးတွဲ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံအား အရေးပါသော မိတ်ဖက်အဖြစ် အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ နှစ်နိုင်ငံအကြား စီးပွားရေး စြင်္က ံ တစ်ခု တည်ဆောက်ရေး၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာရေးအတွက် အမှန်တကယ် လိုအပ်ချက်များနှင့် နက်ရှိုင်းသည့် နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း ဝမ်က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ထိန်းသိမ်းရေး၊ လွတ်လပ်ရေး၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုုးပမ်းအားထုတ်မှုများကိုလည်း အခိုင်အမာ ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.