Connect with us

Videos

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် ကျူးဘားသို့ တရားဝင်ခရီးစဉ်ရောက်ရှိ

ဟာဗားနား၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ကျူးဘားနိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Raul Castro Ruz ၏ ဖိတ်ကြားချက်ဖြင့် ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားမြို့သို့ စက်တင်ဘာ ၂၄ရက်က တရားဝင်ခရီးစဉ် ရောက်ရှိခဲ့သည်။
လီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ၅၆နှစ် အကြာ ၌ တရုတ်ဝန်ကြီးချုပ်အနေဖြင့် ကျူးဘားနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးစဉ် သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အတွင်း လီသည် Raul Castro နှင့် တွေ့ဆုံကာ တရုတ်-ကျူးဘား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာရေး အတွက်ဆွေးနွေးသွားမည့်အပြင် နည်းပညာများ၊ ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်၊ စက်မှုလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးမှုဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.