Videos
တရုတ်-ရုရှားအဝေးပြေးလမ်းမကြီး၏အဓိက အစိတ်အပိုင်းဖြစ်သည့် ဟေလုံကျန်းမြစ်ကူးတံတားကြီး
ဟေလုံကျန်း၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ချိတ်ဆက်ဖောက်လုပ်လျက်ရှိသည့် အဝေးပြေးလမ်းမကြီး၏အဓိက အစိတ်အပိုင်းဖြစ်သည့် ဟေလုံကျန်းမြစ်ကူးတံတားကြီး မှာ အရှည် ၁၂၈၄ မီတာ ရှိပြီး ၁၄.၅ မီတာ အကျယ်ရှိသည်။၎င်းမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိနယ်စပ်မြို့ Heihe နှင့် ရုရှားနိုင်ငံမြို့တော် Blagoveshchensk မြို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ တရုတ်- ရုရှား ပင်မ အဝေးပြေးလမ်းမမှာ အရှည်အားဖြင့် ၁၉.၉ ကီလိုမီတာ ရှိပြီး ယခု ဖောက်လုပ်နေသည့် မြစ်ကူးတံတားကြီးမှာ ထိုအဝေးပြေးလမ်းပိုင်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ (Xinhua)