Videos
ဒိုင်နိုဆောင်ရုပ်ကြွင်းများကို လေလံတင် မည်
ဟော်လန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ဇွန်လ ၇ ရက်နေ့ ဗြိတိန်နိုင်ငံရှိ Britain’s Summers Place Auctions တွင် ကျင်းပမည့် လေလံပွဲတွင် ဟော်လန်နိုင်ငံ Emmen တိရစ္ဆာန်ဥယျာဉ်ပြတိုက်တွင် စုဆောင်းထားသော ဒိုင်နိုဆောများ၊ရှေးခေတ် သတ္တဝါများနှင့် ငမန်း ရုပ်ကြွင်းများကို လေလံတင် ရောင်းချမည်ဟုသိရသည်။
အဆိုပါရုပ်ကြွင်းများအားလုံးကို ဟော်လန်နိုင်ငံမြောက်ပိုင်း ရှိ Emmen တိရစ္ဆာန်ဥယျာဉ်က စုဆောင်း ထားရှိခြင်းဖြစ်ပြီး အရေအတွက် စုစုပေါင်း ၁၈ဝ ခန့်ရှိသည်။ တန်ဖိုးငွေအားဖြင့် ဒေါ်လာ ၄ဝ မှ ဒေါ်လာ ၁၁၅ဝဝဝ အထိ တန်ကြေးရှိကြောင်းလည်းသိရသည်။ (Xinhua)
Continue Reading