Connect with us

Videos

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်အပါအဝင် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်း အဆိုပြု တင်ပြ

ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွှန့်အပါအဝင် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းကို ယနေ့မတ်လ ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် အဆိုပြု တင်ပြသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့တင်ပြခဲ့ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ၃ ဦး ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦး နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသူ ၃ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.