Videos
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဝန်ကြီး အား လက်ခံတွေ့ဆုံ
နေပြည်တော် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၂၄ ရက်နေ့ က မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ရောက်ရှိလာ သည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း(Mr.Song Tao) အား နေပြည်တော် ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ညစာစားပွဲ ဖြင့် တည်ခင်းဧည်ခံ ခဲ့သည်။
တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က ဧပြီလ ၂၄ ရက်နေ့ က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိလာခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ နှင့် တာဝန်ရှိ ပုဂ္ဂိုလ် တို့က လာရောက် ကြိုဆို ခဲ့ကြသည်။
ဝန်ကြီး ဆုန့်ထောင်း က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မတွေ့ဆုံမီ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ (၂) တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ပါသည်။(Xinhua)