Videos
နောက်ပြန်ကျွမ်း၂၉ ကြိမ်အထိခုန်နိုင်သူ ဂင်းနစ်စံချိန်တင်နိုင်ခဲ့
ရှန်ရှီး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ Baihe ရေကန်တွင် စတန့်သမားတစ်ဦးက အောက်တိုဘာလ ၁ဝ ရက်နေ့တွင် လင်းပိုင်တစ်ကောင်ကဲ့သို့ နောက်ပြန်ကျွမ်း၂၉ ကြိမ်အထိခုန်ကာ စတန့်ပြသနိုင်ခဲ့သောကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်။
အဆိုပါစတန့်သမား Liu He သည် ၂၀၁၅ ခုနှစ်ကလည်း ၂၇ ကြိမ် တိတိ နောက်ပြန်ကျွမ်းပစ်နိုင်သူအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော်လည်း video ရိုက်ကူးမှတ်တမ်းတင်ခြင်းမပြုနိုင်ခဲ့ပေ။ ယခုအကြိမ်တွင် ၎င်းကိုယ်တိုင် တင်ခဲ့သည့် စံချိန် ထက် ၂ ကြိမ်ပိုခုန်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)