Connect with us

Videos

နှစ်ပေါင်း ၂ဝဝဝ နီးပါး သက်တမ်းရှိ သွားအစုံကိုတူးဖော်တွေ့ရှိ

ကျန်းရှီ၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ရှေးဟောင်းသုတေသီများသည် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ရှိ အင်ပါယာအုတ်ဂူများထဲ ရှိ အုတ်ဂူတစ်ခုထဲတွင် နှစ်ပေါင်း ၂ဝဝဝ နီးပါး သက်တမ်းရှိ သွားအစုံကို တူးဖော်တေ့ွရှိခဲ့ပြီး ဓါတ်ခွဲခန်းသို့ ပို့ဆောင်ကာ DNA စစ်ဆေးလျက်ရှိသည်။ သုတေသီများမှ အဆိုပါ ရုပ်ကြွင်းကို အသေးစိတ် သန့်ရှင်းရေးေ ဆာင်ရွက်ကာ ဆက်လက် လေ့လာလျက်ပြီး ထပ်မံရှာဖွေမှုများဆောင်ရွက်လျက်ရှိသည်။ ထိုသို့ထပ်မံရှာဖွေမှု တွင် သစ်စေးသုတ်ထားသည့် သေတ္တာတစ်လုံးထပ်မံတွေ့ရှိခဲ့ပြီး ထိုအထဲတွင် ကိုယ်ပိုင်တံဆိပ်တုံး နှင့် ကျောက်စိမ်းပစ္စည်းအမျိုးမျိုးတို့ကို တွေ့ရှိခဲ့ကြသည်။ သုတေသီများ၏အဆိုအရ အဆိုပါ ရုပ်ကြွင်းသည် အသေအချာမွမ်းမံပြင်ဆင်ထားခြင်းမရှိကြောင်း၊ ရုပ်ကြွင်းထည့်ထားသည့် အခေါင်းအားယခင်က ဖွင့်ခဲ့သောကြောင့် ယခုအကြိမ်တွင် သွားနှင့် ခြေထောက်အရိုးအနည်းငယ်နှင့် တင်ပါးဆုံရိုးအနည်းငယ်သာ ရှာဖွေတွေ့ရှိကြောင်း သိရသည်။
ပေကျင်းအခြေစိုက် ရှေးဟောင်းသုတေသန ကျောင်းရှိ ရှေးဟောင်းသုတေသီများသည် DNA စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ DNA စစ်ဆေးမှုမှာ အဆိုပါ ရုပ်ကြွင်း၏ ကျန်းမာရေးအခြေအနေ သာမက ရှေးခေတ်လူသားတို့၏ အစားအစာ စားသောက်နေထိုင်ပုံဓလေ့များကို ပါ လေ့လာရာရောက်ကြောင်း ဆိုသည်။ ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ထောင် ဝန်းကျင်ရှိ လူသားတို့၏ နေထိုင်ပြောင်းလဲမှုအဆင့်ဆင့် ကိုပါ လေ့လာနိုင်သည်။ အဆိုပါ ရုပ်ကြွင်းကို တူးဖော်ခြင်းသည် အင်ပါယာအုတ်ဂူတူးဖော်ခြင်းတစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ယခုထက်ထိ တွေ့ရှိမှုပေါင်း ၁သောင်းကျော်ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.