Connect with us

Videos

နှစ် ၂၀ ကြာအေးခဲသိုလှောင်ထားသော သန္ဓေသားများမှ မွေးဖွားသည့် သိုးအမွှာ ထုတ်ဖော်ပြသ

ဟန်ကျိုး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးတွင် ကျင်းပနေသော လယ်ယာစိုက်ပျိုးရေးပြပွဲ တစ်ခု၌ နှစ်ပေါင်း ၂၀ ကြာ အေးခဲသိုလှောင်ထားသော သန္ဓေသားမှ မွေးဖွားထားသည့် သိုးအမွှာနှစ်ကောင်အား ပြသခဲ့ကြောင်း သိရသည်။

ဒေသခံ သိုးသန္ဓေသား ၁၂၀ မှ အဆိုပါ သိုးအမွှာလေးအား စက်တင်ဘာလက မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ သိပ္ပံပညာရှင်များက ယင်းသန္ဓေသားများအား ၁၉၈၈ ခုနှစ်ကတည်းက စုဆောင်းခဲ့ပြီး အမျိုးသားမျိုးဗီဇဘဏ်တွင် နိုက်ထရိုဂျင်အရည် ၁၉၆ ဒီဂရီစင်တီဂရိတ်တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဧပြီလတွင် အဆိုပါသန္ဓသားများအား သိုးမတစ်ကောင်၏ သားအိမ်အတွင်းသို့ ဒေသခံ သိပ္ပံပညာရှင်များက ထည့်သွင်းခဲ့ကြောင်း၊ မကြာသေးမီနှစ်များက မျိုးဗီဇပေါင်းစပ်မှုကြောင့် အရည်အသွေးကျဆင်းလာသည်ကို တွေ့ရှိခဲ့ရသဖြင့် ဒေသခံမျိုးဗီဇအမျိုးမျိုးကို မျိုးကောင်းမျိုးသန့်များဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

သြဂုတ်လကုန်ပိုင်းကစ၍ အဆိုပါ သန္ဓေသားများမှ သိုး ၈ ကောင်မွေးဖွားခဲ့ပြီး အနီးကပ် စောင့်ရှောက်မှုပေးနေရကြောင်း ဒေသခံ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.