Videos
ရေပေါ်ရုပ်ရှင်ရုံလေးက ရုပ်ရှင်ချစ်သူများအကြား လူကြိုက်များ ရေပန်းစား လျက်ရှိ
တယ်လ်အာဗီရာဖို၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)
တယ်လ်အာဗီရာဖိုမြို့ရှိ Yarkon ဥယျာဉ်ရေကန်တွင် အစ္စရေး၏ ပထမဆုံး ရေပေါ် ရုပ်ရှင်ရုံကို ဖွင့်လှစ်ခဲ့သည်။ ထိုရုပ်ရှင်ရုံကို ဩဂုတ် ၂၃ ရက်မှ ဩဂုတ်လကုန်အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။ ရုပ်ရှင်ရုံ screenမြင်ကွင်းကျယ်ကြီးကို ရေပေါ်တွင် ကြည့်ရှုရခြင်းဖြစ်ပြီး လှေတစ်စီးလျှင် ပရိသတ် ၄ ဦး လှေလေးတငြိမ့်ငြိမ့်ဖြင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များအရ လူ ၂၀၀ ကြည့်ရှုနိုင်ရန် လှေ အစီး ၇၀ စီစဉ်ထားရာ လှေတစ်စီးနှင့်တစ်စီးအကြား အကွာအဝေးကို ၂ မီတာ ထားရှိရမည် ဖြစ်သည်။COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစ္စရေး၏ ယဉ်ကျေးမှုလှုပ်ရှားပွဲများ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရလျက်ရှိရာ ပြဇတ်ရုံနှင့် ရုပ်ရှင်ရုံများ အားလုံးကို ပိတ်ထားရပြီး ပြင်ပတွင်သာ လုပ်ဆောင်ခွင့်ရှိကြောင်း သိရသည်။ ဇူလိုင်လနှင့် ဩဂုတ်လတွင် အစ္စရေး၏တစ်ဦးချင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)