Videos
ရေလွှမ်းမိုးမှုကြောင့် တံတားကျိုးကျခြင်းက ကာကွယ်ရန် တံတားပေါ်၌ ဝန်အားမြင့် ကုန်တင်ရထားနှစ်စင်းရပ်တန့်ထားရ
စီချွမ်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်းပြည်နယ် Mianyang မြို့ ရှိ Fujiang တံတားပေါ်တွင် ရေလွှမ်းမိုးမှုများကြောင့် တံတားကျိုးကျခြင်းက ကာကွယ်ရန် တန်ချိန် ၈,၁၀၀ အလေးချိန်ရှိ ဝန်အားမြင့် ကုန်တင်ရထားနှစ်စင်းကို တံတားပေါ်သို့ မောင်းနှင်ကာ ရပ်တန့်ထားရကြောင်းသိရသည်။
စီချွမ်းပြည်နယ်တွင် ဩဂုတ် ၁၅ ရက် ညပိုင်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိသည်။ဩဂုတ် ၁၈ ရက်တွင် စီချွမ်းပြည်နယ်အတွင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေးအစီအမံကို ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်အမြင့်ဆုံးအဆင့်အဖြစ်သတ်မှတ်ခဲ့သည်။ စီချွမ်းပြည်နယ်အတွင်းရှိ အဓိက မြစ်ကြီး ၂၂ စင်းစလုံးသည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက် ရောက်ရှိလျက်ရှိကြောင်းသိရသည်။ (Xinhua)