Videos
ရှန်ဟိုင်းကမ်းခြေတွင် သဲပန်းပုရုပ်တုများထုလုပ်ပြသထား
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ကမ်းခြေတွင် သဲပန်းပုရုပ်တု ၆၁ ခုကို ပြသထားကြောင်းသိရသည်။ ၁ဝမီတာ အမြင့် ရှိသည့် အမြင့်ဆုံးရုပ်တုအပါအဝင် မီတာ ၃ဝ အရှည်ရှိသည့် ရုပ်တုများလည်းပါဝင်ပြသထားသည်။ အဆိုပါရုပ်တုများမှာ လူသိများကျော်ကြားသည့် ရှုခင်းများ နှင့် ရှန်ဟိုင်းဒေသခံတို့၏ နေ့စဉ်ဘဝများကို ထင်ဟပ်ပြသထားသည်။ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အခြားနိုင်ငံနှင့်ဒေသအသီးသီးတို့မှ သဲပန်းပုအနုပညာရှင်ပေါင်း ၂၈ ဦးတို့ က ထိုကမ်းခြေသို့လာရောက်ကာ ရက်ပေါင်း ၃၃ ရက်တိတိအချိန်ယူပြီး ထိုသဲပန်းပုများကိုဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုသဲပန်းပု များကို နောက် နှစ်အထိ ပြသသွားရန်ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)