Videos
သွေးပြန်ကြောများကို ပြင်ပမှ ကြည့်ရှုနိုင်မည့်ကိရိယာသစ်တစ်မျိုး
ရှီးအန်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)
သွေးပြန်ကြောများကို ပြင်ပမှ ကြည့်ရှုနိုင်မည့်ကိရိယာသစ်တစ်မျိုးကို ရှီးအန်းအခြေစိုက် Vivolight ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။ ၎င်းကိရိယာ မှာ အလင်းရောင်ကိုအသုံးပြုပြီးသွေးပြန်ကြောများကိုရှာဖွေနိုင်ကာ သွေးကြော အတိမ်အနက်ကို ခန့်မှန်းနိုင်သည်။Vivolight ကုမ္ပဏီက တရုတ်နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်တွင် ဆေးရုံများသို့ ထိုကိရိယာ ရာပေါင်းများစွာကိုလှူဒါန်းခဲ့သည်။ ၎င်းကိရိယာဖြင့် လူနာ၏ သွေးပြန်ကြောများ ကို ရှင်းလင်းစွာ မြင်နိုင်ပြီး ပုံရိပ်များကိုလည်း ထပ်မံကုသရန်လိုအပ်ပါက အသုံးပြုနိုင်ရန် သိမ်းဆည်းထားနိုင်သည်။ (Xinhua)