Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာပြင်ပ ပင်လယ်ပြင်တွင် လူပေါင်း ၆၀ ကျော်လိုက်ပါသွားသော လေယာဉ်ပျက်ကျ (ရုပ်သံ)

ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၆၀ ကျော်ကို တင်ဆောင်သွားသော Sriwijaya Air လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇-၅၀၀ ခရီးသည်တင်လေယာဉ်သည် ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်အတွင်းသို့ ဇန်နဝါရီ ၉ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

လူခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် လေယာဉ်အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း Trisula ကမ်းခြေစောင့်သင်္ဘော အရာရှိ ကပ္ပတိန် EKo Surya Hadi က ဒေသတွင်းရုပ်သံသို့ ပြောကြားခဲ့သည်။

အဆိုပါ ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်သည် ခရီးသည် ၅၆ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၆၂ ဦးကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ (Xinhua)
—————————————

(English Version)

Indonesian plane with over 60 people aboard crashes in waters off Jakarta
A passenger plane of Indonesia’s Sriwijaya Air carrying over 60 people crashed into waters off Jakarta on Saturday. Human body parts and debris of the plane were found, Captain EKo Surya
Hadi, commander of Trisula coast guard ship, told a local TV.
-The Boeing 737-500 plane was carrying 62 people, including including 56 passengers and six crew members.