Connect with us

Videos

နှင်းဖုံးလွှမ်းနေသော ဆင်ခြေလျှောတစ်လျှောက် လူနာကိုထမ်းစင်ဖြင့် ခက်ခက်ခဲခဲ တင်ဆောင်၍ အချိန်မီကယ်တင်ပေးခဲ့သော နှလုံးလှဆရာဝန်

ချုံချင့်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ချန်းခိုကောင်တီရှိ ကျေးရွာတစ်ရွာတွင် ဆရာဝန်တစ်ဦးက ရုတ်တရက်ရောဂါသည်းလာသော လူနာတစ်ဦးအား လျှောဆင်းနိုင်အောင်ပြုလုပ်ထားသော လူနာထမ်းစင်ပေါ်တင်လျက် နှင်းဖုံးလွှမ်းနေသော ဆင်ခြေလျှောတစ်လျှောက် သယ်ဆောင်သွားပြီး လူနာတင်ကားပေါ်သို့ လွှဲပြောင်းပေးခဲ့ကာ အချိန်မီကယ်တင်နိုင်ခဲ့သည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။

ဟဲယွီမြို့နယ်ဆေးရုံသည် ချုံချင့်မြို့ ချန်းကော်ကောင်တီ ကျေးရွာတစ်ရွာက ရုတ်တရက် ရောဂါသည်းထန်လာသော လူနာတစ်ဦးထံမှ အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

တောင်တန်းများ၏ အလယ်တွင် တည်ရှိသော အဆိုပါ ကျေးရွာသည် ဆီးနှင်းထုများဖြင့် ဖုံးလွှမ်းနေသော ဆင်ခြေလျှောရှိပြီး လူနာကို ခေါ်ဆောင်ရေးအတွက် လူနာတင်ကားဝင်ရောက်ရန် အလွန်ပင်လမ်းချော်သည့် နေရာဖြစ်သည်။

ထို့ကြောင့် လူနာထမ်းစင်ဖြင့်လျှောဆင်းကာ လူနာအား ဖြည်းညင်းစွာ လွှဲပြောင်းနိုင်ရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အကြံရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ဆေးရုံကားဆီသို့ လူနာရောက်ရှိရန် တစ်ကီလိုမီတာနီးပါးမျှ လမ်းလျှောက်ခဲ့ကြရသည်ဟု ဆိုသည်။

၎င်းလူနာမှာ ဆေးရုံသို့ ရောက်ရှိပြီးနောက် အောင်မြင်စွာ ဆေးကုသမှုခံယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————-
(English Version)
Doctor carries patient in heavy snow on stretcher in SW China
A Doctor carried a patient with sudden diseases by using a sliding stretcher on a snowy slope, transfered him to the ambulance and rescued him in time on Tuesday, southwest China.

The Heyu township hospital received a emergency call from the patient stroke by sudden diseases in a village in Chengkou county of southwest China’s Chongqing Municipality.

The village lies in the middle of mountains where the slope is covered with heavy snow and too slippery for ambulance to pick the patient.

The medical staff came up with the idea to slowly transfer the patient by sliding the stretcher.They had to walk for nearly a kilometer with the patient to get him to the ambulance.

After arriving at the hospital, the patient was treated successfully.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.