Connect with us

Videos

အစိုးရ အပြောင်းအလဲတွင် နိုင်ငံ တည်ငြိမ် အေးချမ်းမှု ရှိနေရန်မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲပေါ်တွင် အဓိက မူတည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

\အစိုးရ အပြောင်းအလဲတွင် နိုင်ငံ တည်ငြိမ် အေးချမ်းစွာ ရှိနေရန်မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပေါ်တွင် အဓိက မူတည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော ရွေးကောက်ပွဲမှရလာသော ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲဟာ ဘက်လိုက်မှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတမှသာ ရွေးကောက်ပွဲ ကာလ တည်ငြိမ် အေးချမ်းမှာ ဖြစ်သလို လူထုရဲ့ဆန္ဒနဲ့အညီ ရွေးချယ်တဲ့ အစိုးရ အပြောင်းအလဲကိုလည်း တည်ငြိမ် အေးချမ်းစွာ ဖြစ်ပေါ် ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းပြီး လွတ်လပ်မျှတဖို့ဆိုရာမှာလည်း ကော်မရှင် တစ်ခုတည်းရဲ့ဆောင်ရွက်ချက် သာမက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တိုင်းမှာ နိုင်ငံရေး ပါတီများ ၊ လူမှု အဖွဲ့အစည်းများ ၊ အစိုးရ အဖွဲ့အစည်းများ ၊ မီဒီယာများ စတဲ့ Stake Holder အားလုံး ရွေးကောက်ပွဲ ဥပဒေ ၊ တည်ဆဲ ဥပဒေများနှင့် အညီ ပူးပေါင်း ဆောင်ရွက်မူပေါ် မှုတည်ပါတယ်။”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမှရလာသော ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ရွေးကောက်ပွဲ ကော်မရှင် ၊ နိုင်ငံရေး ပါတီများ ၊ လူမှု အဖွဲ့အစည်း များနှင့် မီဒီယာများ အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းစဉ် များအပေါ် အားသာချက် ၊ အားနည်းချက်များကို သုံးသပ် ဖော်ထုတ်ပြီး နောင်ရွေးကောက်ပွဲ များအတွက် အားသာချက်များ ဖြစ်အောင် အကြံပြု သွားကြရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.