Videos
အဆင့်မြင့် မြန်နှှုန်းမြင့်ရထားများတွင် ခေါက်သိမ်းထားနိုင်သောအိပ်ရာများကို ပါ စီစဉ်ထည့်သွင်း
ကျိလင်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကျိလင်ပြည်နယ်၊ ချန်ချွန်းဒေသတွင် မြန်နှုန်းမြင့်ရထားများ၌ ခေါက်သိမ်းထားနိုင်သော အိပ်ရာများ ကို ပါ ထည့်သွင်းတပ်ဆင်ထားကြောင်းသိရသည်။ CRH5E ကျည်ဆံရထား ၂စီး တွင် ထိုင်ခုံအတွင်း ခေါက်သိမ်း ထားနိုင်သည့် အိပ်ရာ များကို တပ်ဆင် ပြေးဆွဲတော့မည်ဖြစ်သည်။ ရထားတစ်စင်းတွင် လူစီးတွဲ ၁၆ တွဲပါဝင်ပြီး ၁၃ တွဲတွင် ထိုသို့သော ခေါက်သိမ်းနိုင်သည့်အိပ်ရာများကို ထည့်သွင်းထားခြင်းဖြစ်သည်။ ထိုအိပ်ရာများကို ညပိုင်းအချိန်တွင်ပြေးဆွဲသည့် အခါ အသုံးပြုနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပြီး မနက်ပိုင်း အချိန်များတွင် ခေါက်၍ထိုင်ခုံအတွင်းမြှုပ်နှံထားနိုင်မည်ဖြစ်သည်။ ရထားများကို အနိမ့်ဆုံး အပူချိန် အနှုတ် ၄ဝ ဒီဂရီ ဆဲလ်စီးယပ် တွင်ပြေးဆွဲနိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့၏ အမြန်နှုန်းမှာ တစ်နာရီလျင် ၂၅ဝ ကီလိုမီတာ အထိ ပြေးဆွဲနိုင်သည်။ ခရီးသည်များ၏ အခန်းတိုင်းတွင်လည်း Wifi ဖြင့်အင်တာနက်အသုံးပြုနိုင်အောင်စီစဉ်ပေးထားသည်။ အသံလုံခန်းများ နှင့် တုန်ခါမှုအနိမ့်ဆုံးအခန်းများ ကိုဖန်တီးတည်ဆောက်ထားကာ ရထားစီးခရီးသည်များ ငြိမ့်ညောင်းမှုရှိစေရန် စီစဉ်ပေးထားကြောင်းသိရသည်။ (Xinhua)