Videos
အောက်ပိုင်းကြွက်သားအင်္ဂါချည့်နဲ့ ကလေးငယ်များ အတွက် ပထမဦးဆုံး စက်အကူကိရိယာထွက်ပေါ်လာ
မက်ဒရစ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
သုတေသီများက မသန်စွမ်းကလေးငယ်များ နှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသည့် ကလေးငယ်များ အတွက် ကမ္ဘာ့ပထမဆုံး စက်အကူကိရိယာ ကို ဒီဇိုင်းထုတ်လုပ်ခဲ့သည်။ အဆိုပါ အထောက်အကူပြုပစ္စည်းမှာ အလေးချိန်အားဖြင့် ၁၂ ကီလိုဂရမ်ရှိပြီး အလူမီနီယံ နှင့် တိုက်တေနီယမ်တို့ကို ပေါင်းစပ်ဖန်တီးထားသည့်အပြင် မသန်စွမ်းကလေးငယ်များအတွက် ပထမဆုံးအကူကိရိယာအဖြစ်အသုံးပြုရန်ဒီဇိုင်းဆွဲထားသည်။
အဆိုပါ စက်အကူကိရိယာ ကို အသက် ၃ နှစ်မှ ၁၄ နှစ်အရွယ်ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ ခြေထောက်တစ်ချောင်းစီတွင် မော်တာ ငါးခု တပ်ဆင်ထားပြီး ခြေလှမ်း အတို အရှည်ကို အလိုအလျောက်ချိန်ညှိရခြင်းဖြစ်သည်။ သို့သော် အသက် ၃ နှစ် အောက် ကလေး ငယ်များအသုံးပြုနိုင်မည့် စက်ပစ္စည်းအကူကိရိယာကိုဆက်လက်တီထွင်မည်ဟုသိရသည်။ (Xinhua)