Connect with us

Videos

ကျောက်မျက်ရတနာ ပြပွဲမှ ယူရိုငွေ သန်း ၄၀၀ ကျော်ဖိုးရောင်းရ

နေပြည်တော်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် (၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြခဲ့သည့် ပုလဲ အတွဲပေါင်း ၃၆၀ တွင် နိုင်ငံပိုင် ပုလဲအတွဲ ၂၇၀ တွဲပါဝင်ရာ အဆိုပါ ပုလဲတွဲ ၂၇၀ လုံး ရောင်းထွက်ခဲ့ကြောင်းသိရသည်။

ပုလဲတွဲများ အပါအဝင် ကျောက်မျက်၊ ကျောက်စိမ်း ရတနာများ တင်ပြ အတွဲ စုစုပေါင်း ၇,၄၉၁ တွဲအနက် ၅,၆၆၉ တွဲကို ရောင်းချနိုင်ခဲ့ရာ စုစုပေါင်းရောင်းရငွေ တန်ဖိုးအားဖြင့် ယူရို ၄၂၇ ဒသမ ၀၉၅ သန်း ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြပွဲသို့ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၃,၉၂၄ ခုတို့မှ ရတနာကုန်သည်ပေါင်း ၅,၁၂၈ ဦးတို့ တက်ရောက်ခဲ့ကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ၂,၆၇၈ ခုတို့မှ ရတနာကုန်သည် ၃,၁၇၃ ဦးတို့ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.