Videos
BRICS ထိပ်သီးအစည်းအဝေးကျင်းပမည့် ရှမိန်မြို့လှပမှုမြင်ကွင်းများ
ရှမိန်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) စက်တင်ဘာလ ၃ ရက်နေ့တွင်စတင် ကျင်းပတော့မည့် ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ ရှမိန် ဂူလန်းယွီ ဒေသသည် ယူနက်စကို က ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းခံရသည့်နေရာတစ်ခုဖြစ်သည်။ အစည်းအဝေးကျင်းပမည့် ရှမိန်ဒေသ၏ လှပမှုများကို ဂီတတူရိယာများစွာနှင့် တွဲဖက်ကာ မကြာမီကျင်းပတော့မည့်BRICS ထိပ်သီးအစည်းအဝေး ကိုကြိုဆိုခဲ့သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံ တို့ ပါဝင်သည့် BRICS အဖွဲ့အစည်း ကြီး ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ခု နီးပါး သက်တမ်းသို့ ချဉ်းကပ်ဝင်ရောက်လာပြီဖြစ်ပါသည်။ (Xinhua)