Connect with us

Videos

Drone ဖြင့်ရိုက်ကူးထားသော လူနေရပ်ကွက်ထဲ မီးတောင်ချော်ရည်များစီးဝင်လာသည့် မြင်ကွင်း

မက်ဒရစ်၊ စက်တင်ဘာ ၂၂ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် Cumbre Vieja မီးတောင်ပေါက်ကွဲမှုကြောင့် လူနေရပ်ကွက်ထဲ ချော်ရည်များစီးဝင်လာပြီး ကမ်းခြေဘက်သို့ ဦးတည်စီးဆင်းသွားပုံမြင်ကွင်းများကို Drone ဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်။

ချော်ရည်အမြောက်အမြားသည်ရေကူးကန်ထဲ စီးကျလာပြီးရေများပွက်ပွက်ဆူနေခဲ့သည်။ မီးတောင်ပေါက်ကွဲမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ယင်းဒေသတဝိုက်တွင် မီးခိုးများ၊ပြာများလွင့်ထွက်နေသလို အဆက်မပြတ်မီးလောင်မှုကြောင့် ဒေသခံများ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

စပိန် ဝန်ကြီးချုပ်Pedro Sánchezက ပြည်သူများ အနေဖြင့် အသက်ဘေးအန္တရာယ်ကျရောက်ဖွယ်မရှိကြောင်း ပြီးခဲ့သည့်တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ တောင်ခါးပန်း နှင့်ပင်လယ် တလျှောက် ရှိ မြူနီစပယ်ဒေသများတွင်နေထိုင်ကြသည့် ဒေသခံ ၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်သည်။ La Palmaကျွန်း သည် အကျယ်အဝန်း စတုရန်းကီလိုမီတာပေါင်း၇၀၀ ကျော်ရှိပြီး လူဦးရေ ၈၅,၀၀၀ နီးပါးခန့်ရှိသည်။ မှတ်တမ်းများအရ ယင်းကျွန်း၌ မီးတောင် ပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
GLOBALink | Spain: Drone footage shows lava reaching La Palma residential area
Drone footage shows that smoke, ash and intermittent fires rage on as the eruption of a volcano continues on the island of La Palma in Spain. Thousands of residents were evacuated. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.