Connect with us

Videos

ကချင်ပြည်နယ် မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံကို တပ်မတော်အနေဖြင့် ကန့်ကွက်စရာမရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီး အစည်းအဝေးကို တပ်မတော်အနေနှင့်ကန့်ကွက်စရာအကြောင်း မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ
ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ မိုင်ဂျာယန်ကို သွားရမည့် လမ်းကြောင်းသည် အစိုးရထိန်းချုပ်နယ်မြေဖြစ်ကာ တပ်မတော်အနေနှင့် ယင်းလမ်းကြောင်းကိုတိုင်းရင်းသား ညီလာခံပြုလုပ်စဉ် အသုံးပြုခွင့် ပြုမည်ဖြစ်ပြီး တပ်မတော်အနေနှင့် လုံခြုံရေးလည်း ပေးထားမည်ဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

တပ်မတော်အနေနှင့် ၂၁ ရာစုပင်လုံ ညီလာခံနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုပါ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်မတော် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိ ဗိမာန်တွင် ယနေ့ ဇူလိုင်လ ၂ဝ ရက်
နေ့လည် ၂ နာရီက စတင် ကျင်းပခဲ့ပြီး မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး ကျောင်းသား ဂွမ်ဆိုင်းအောင်
သေဆုံးမှု၊ မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံ အကြောင်း၊ ရခိုင်ရေဘေး ကယ်ဆယ်မှုများ အကြောင်းကို
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်ကာ ရှင်းလင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.