Connect with us

Videos

ကမ္ဘာ့ပထမဆုံး ဂရပ်ဖင်းဖြင့်ပြုလုပ်သည့် ဘက်ထရီကို ပေကျင်းတွင် မိတ်ဆက်ပြသ

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တုန်းရွှီ နည်းပညာကုမ္ပဏီမှ မကြာသေးခင်က တရုတ်နိုင်ငံပေကျင်းတွင် ဂရပ်ဖင်းဖြင့်ပြုလုပ်သည့် ဘက်ထရီကို မိတ်ဆက်ပြသခဲ့သည်။ G-King ဟု အမည်ရသည့်အဆိုပါ ဘက်ထရီသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် အဖြစ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
အဆိုပါ ဂရပ်ဖင်းဘက်ထရီ သည် 4,800mAh စွမ်းဆောင်ရည်ရှိပြီး laptop battery အမျိုးအစားမျိုးဖြစ်သည်။ အားပြည့်ရန်ကြာချိန် ၁၃ မိနစ်မှ ၁၅ မိနစ်ခန့်သာရှိသောကြောင့် နာရီပေါင်းများစွာအားဖြည့်နေရသည့် Lithium-Ion battery များထက် ၁ဝ ဆမှ အဆ ၂ဝ အထိ ပိုမိုသာလွန်သည့်စွမ်းအင်ကိုလည်းပိုင်ဆိုင်သည်။ ကုမ္ပဏီ၏ အဆိုအရ G-King ဂရပ်ဖင်းဘက်ထရီသည် အကြိမ်ပေါင်း ၃၅ဝဝ အထိ အားသွင်းနိုင်ပြီး Lithium-Ion battery များထက် အားကုန်ခမ်းမှု ၇ ဆခန့်လျော့နည်းသည်။
သုတေသီများ၏ အဆိုအရ အဆိုပါနည်းပညာသည် ဘက်ထရီစွမ်းအင်နည်းပညာလောကအတွက် အထူးပြောင်းလဲမှုဖြစ်လာနိုင်ကြောင်း နှင့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များအတွက် အထူးအားသာချက် တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.