Videos
ကမ္ဘာ့မှတ်တမ်းဝင်နိုင်မည့် ဗို့အားမြင့် ပါဝါလိုင်းအားတရုတ်တွင်တည်ဆောက်ပြီးစီး
ကန်းစု၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် မြေပြင်မှ ၈၅ မီတာ အမြင့်တွင် ဗို့အားမြင့် ပါဝါလိုင်းအားတည်ဆောက်ပြီးစီးပြီဖြစ်သည်။
အင်ဂျင်နီယာများမှာပစ္စည်းကိရိယာများကို စုံလင်စွာလွယ်ပိုးပြီး အမြင့် ၈၅ မီတာ (အထပ် ၂ဝ အဆောက်အဦး အမြင့်ရှိ) စတီးယက်တိုင်များပေါ်အထိ တက်ကာ လျှပ်စစ်ဝါယာကြိုးများပေါ်တွင်လျှောက်လှမ်းပြီး စစ်ဆေး ကြသည်။ ထိုလျှပ်စစ်ဓါတ်အားလိုင်းများမှာ ရှင်းကျန်းဒေသနှင့် အန်းဟွေးပြည်နယ်တို့ကိုချိတ်ဆက်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်မေလက တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။
၎င်းပါဝါဓါတ်အားလိုင်းကြီးမှာ ဗို့အားအဆင့်၊ အကွာအဝေး အများဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်နိုင်မည်ဟုသိရသည်။(Xinhua)