Videos
ကမ္ဘာ့သက်တမ်းအရှည်ဆုံးရေထိန်းစနစ် တူးဖော်တွေ့ရှိ
ကျဲ့ကျန်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)
တရုတ် ရှေးဟောင်းသုတေသီများသည် နှစ်ပေါင်း ၅ဝဝဝ နီးပါးသက်တမ်းရှိပြီဖြစ်သည့် ရေထိန်းစနစ်ကြီး တစ်ခုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ရေထိန်းစနစ်သည် တရုတ်နိုင်ငံအတွင်းရှာဖွေတွေ့ရှိမှုများထဲတွင် သက်တမ်းအရှည်ဆုံးစနစ်တစ်ခုလည်းဖြစ်သည်။
ကျဲ့ကျန်းပြည်နယ်၏ မြို့တော်ဟန်ကျိုး အစွန်အဖျားတွင်တည်ရှိသည့်အဆိုပါရေထိန်းစနစ်တွင် ရေနုတ်မြောင်းပေါင်း၁၁ ခုဖြင့် တည်ဆောက်ထားသည်။ ရေကြီးခြင်း ကို ကာကွယ်နိုင်ရန် သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အဆင်ပြေစေရန်အထူးဒီဇိုင်းဆွဲ ဖန်တီးထားခြင်းဖြစ်နိုင်သည်ဟုပညာရှင်များကဆိုသည်။ ရေနုတ်မြောင်းများမှာ တောင်တန်းများတစ်လျှောက်မြင့်ရာမှ နိမ့်ရာသို့ ်ချိတ်ဆက်ထားကာ ရေလှောင်တမံ ၃ ခုအဖြစ် တည်ဆောက်ထားပြီး စုစုပေါင်း စတုရန်းကီလိုမီတာ ၉.၄ အထိရှိကြောင်းသိရသည်။(Xinhua)