Videos
ကမ္ဘာ့အကြီးဆုံးကွန်တိန်နာတင်သင်္ဘော တရုတ်နိုင်ငံထျန်းကျင်းဆိပ်ကမ်းမှ စတင်ထွက်ခွါ

ထျန်းကျင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်းထျန်းကျင်းဆိပ်ကမ်းမှ ဝန်အပြည့်တင်ဆောင်ထားသည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင် သင်္ဘောကြီးသည် ဥရောပတိုက် အနောက်မြောက်ပိုင်း သို့ ထွက်ခွါလျက်ရှိကြောင်းသိရသည်။ ၎င်းကမ္ဘာ့အကြီးဆုံးကွန်တိန်နာတင်သင်္ဘောကြီးမှာ အရှည် ၃၉၉.၉ မီတာရှိပြီး အကျယ် ၆၁.၅ မီတာ ကျယ်ဝန်းကာ Samsung Heavy Industries မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ သင်္ဘောကြီးမှာ အလေးချိန် အားဖြင့် ကွန်တိန်နာအလုံးပေါင်း ၂၃၇၅၆ လုံး သို့မဟုတ် အများဆုံးတန်ချိန်ပေါင်း ၂၂၄၉၈၆.၄တန်အထိ သယ်ဆောင်နိုင်ကြောင်းသိရသည်။ (Xinhua)