Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကူး ရထားလမ်းတံတားကြီး၏  ခံနိုင်ဝန်စမ်းသပ်

ဖူကျန့်၊ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူး ရထားလမ်းတံတားကြီး ဖြစ်သည့် Pingtan ရေလက်ကြားဖြတ် ရထားလမ်းတံတား အစိတ်အပိုင်းဖြစ်သော တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ရှိ Fuzhou-Pingtan ရထားလမ်း၏ ခံနိုင်ဝန်အားကို စမ်းသပ်လျက်ရှိကြောင်းသိရသည်။ ယခုနှစ်ကုန်ပိုင်းတွင် အဆိုပါ ပင်လယ်ဖြတ်ကူး ရထားလမ်းတံတားကိုဖွင့်လှစ်တော့မည်ဖြစ်သည်။ ၈၈.၄ ကီလိုမီတာ အရှည်ရှိသည့် ၎င်းရထားလမ်းကို အမြန်ဆုံး တစ်နာရီလျင် ကီလိုမီတာ ၂၀၀ နှုန်းထိ ပြေးဆွဲနိုင်ရန် ရည်ရွယ်ဖောက်လုပ်ထားသည်။ ရထားလမ်းတစ်ခုလုံး၏ ၇၉ ရာခိုင်နှုန်းသည်  ဥမင်လိုဏ်ခေါင်းများနှင့် တံတားများပေါ်တွင် ဖောက်လုပ်ထားသည်။ Pingtan ကျွန်းသည် ထိုင်ဝမ်မှ ၁၂၆ ကီလိုမီတာအကွာတွင်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.