Media
ကာဇက်စတန်တွင် စွမ်းအင် ပြတ်လတ်မှုမရှိစေရန် တရုတ်နိုင်ငံကရေအားလျှပ်စစ်စီမံကိန်းဆောက်လုပ်ပေး
နာလ်ဆူတန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံအရှေ့ပိုင်းတွင် စွမ်းအင်ပြတ်လတ်မှုအားကာမိစေရန် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် Turgusun ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်လ လယ်မှ စတင်ကာ အပြည့်အဝ စတင်လည်ပတ်ကာ လျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်ပေးလျက်ရှိကြောင်းသိရသည်။
တရုတ်နိုင်ငံ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း ၏ လက်အောက်ခံ လုပ်ငန်းဖြစ်သည့်တရုတ်နိုင်ငံတကာ ရေအားနှင့် လျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်းမှ တည်ဆောက်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း၏ တပ်ဆင်သည့်စွမ်းအင်ပမာဏမှာ ၂၄.၉ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၇၈.၉ သန်းအား ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ Turgusun ရေအားလျှပ်စစ်စီမံကိန်း မှာ Altai မြို့ အနီး Turgusun မြစ်ပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။
စီမံကိန်းသည် ကာဇက်စတန်နိုင်ငံ၏ ၂၀၁၅ မှ ၂၀၁၉ ခုနှစ် အတွင်း စက်မှုလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ထဲတွင်အပါအဝင်ဖြစ်သည်။ အဆိုပါစီမံကိန်းအား ကာဇက်စတန်နိုင်ငံ အစိုးရ မှ အလွန်အလေးထားကြောင်း စီမံကိန်း အထွေထွေမန်နေဂျာ Xiang Zhiliang က ဆင်ဟွာကိုပြောသည်။
စီမံကိန်းအား ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၎င်းမှာ ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု ၏ အဓိက ကျသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ကြောင်း Xiang က ဆိုသည်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ မှ နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၇၂,၀၀၀ လျှော့ချနိုင်ခဲ့သောကြောင့် နိုင်ငံ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အားပေးရာရောက်ကြောင်း၊ တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ရဲ့ ရည်မှန်းချက်များဖြစ်သည့် ကာဘွန်ထုတ်လွှတ်မှု လျှော့ချရန်နှင့် ကာဘွန်ကင်းစင်စေရေး ရည်မှန်းချက်များအားပြည့်မီစေမည် ဖြစ်ကြောင်းမန်နေဂျာက ဆက်လက်ပြောကြားခဲ့သည်။
Turgusun-1 companyမှ ဒုတိယညွှန်ကြားရေးမှုးက Altai ခရိုင်သည် စွမ်းအင် လိုအပ်ချက် ၅၀ မဂ္ဂါဝပ်အထိ ရှိရာ Turgusun ရေအားလျှပ်စစ်စီမံကိန်းမှ အဆိုပါ လိုအပ်ချက်အား ကောင်းစွာဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
ကာဇက်စတန်နိုင်ငံက ပြန်လည်ပြည့်ဖြိုးသည့်စွမ်းအင်စီမံကိန်းများအားအကောင်အထည်ဖော်လျက်ရှိရာ ယခုနှစ်အတွင်း စိမ်းလန်းသောစွမ်းအင်စီမံကိန်းပေါင်း ၂၃ ခုနှင့် စုစုပေါင်းစွမ်းအင် ၃၈၁ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်ရန် လျာထားကြောင်းသိရသည်။
စိမ်းလန်းသောစွမ်းအင်များသည် ၂၀၃၀ ပြည့်နှစ်တွင် ကာဇက်စတန်နိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု ၁၅ ရာခိုင်နှုန်းခန့်ကို ကာမိစေရန် မျှော်မှန်းထားကြောင်း ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ကဆိုသည်။ (Xinhua)
………………………………..
(English Version)
GLOBALink | China-built Turgusun hydropower station to help ease power shortage in E. Kazakhstan
NUR-SULTAN, Aug. 11 (Xinhua) — The China-built Turgusun hydropower plant has been operating at full capacity since mid-July and will help ease a power shortage in East Kazakhstan Region.
Built by the China International Water and Electric Corporation, a subsidiary of the China Three Gorges Corporation, the station has an installed capacity of 24.9 MW, producing up to 79.8 million kilowatt hours of electricity per year. The plant is located on the Turgusun River near the city of Altai.
“The project has been included in the state program of Industrial and Innovative Development of Kazakhstan for 2015-2019. The Kazakh government has attached great importance to the project,” Xiang Zhiliang, general manager of the project told Xinhua.
Construction began in 2017 and is a key hydropower project under the Belt and Road Initiative, Xiang said.
“The plant can reduce carbon dioxide emissions by about 72,000 tons per year, contributing to the country’s green development,” said the manager, adding that reducing emissions and achieving carbon neutrality are the aspirations of both China and Kazakhstan.
Kalaubek Baimukhanbeto, director of the Turgusun-1 company, said Chinese engineers had been dispatched on the scene and state-of-the-art equipment was used in the project.
Appreciating Chinese workers for their hard work, Baimukhanbeto said engineers of the two countries have forged friendship throughout the project.
Nurbol Kopbaev, deputy director of the Turgusun-1 company, stressed that the Altai district had a power deficit of about 50 MW. The launch of the Turgusun station could greatly ease the shortage.
Kazakhstan is forging ahead with renewable energy projects, with 23 green energy projects with a total capacity of 381 MW expected to be put into operation this year.
President Kassym-Jomart Tokayev said that green energy is expected to contribute to 15 percent of its electricity consumption by 2030.
Produced by Xinhua Global Service