Videos
ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းမှု နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေး အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား
ကုလသမဂ္ဂ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)
နျူကလီးယားလက်နက် မပြန့်ပွားရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်သွားပြီး ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား အရေးကိစ္စ၌ ငြိမ်းချမ်းစွာ ပြေလည်မှုရရှိစေရန် အတွက် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ က ကုလသမဂ္ဂ၌ ပြောကြားခဲ့သည်။
၎င်း က ကျွန်းဆွယ်အတွင်း တင်းမာမှုများ မြင့်တက်လာသဖြင့် တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်က ကိုရီးယားကျွန်းဆွယ် အတွင်း လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကို ဖြေလျှော့နိုင်ရန် မြောက်ကိုရီးယား နှင့် ဆက်စပ်သော လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လုံးဝပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ရေး နှင့် ပတ်သက်၍ အစည်းအဝေးပွဲ၌ သဘောတူညီချက်အသစ်များ ထွက်ပေါ်လာနိုင်ရန် နှင့် ပြီးပြည့်စုံသည့် ဆွေးနွေးမှုများ ရရှိနိုင်ရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲများ နှင့် ညှိနှိုင်းဆောင်ရွက်မှုများမှသာ နျူကလီးယားအရေးကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် လက်တွေ့ကျသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။ (Xinhua)