Videos
ကျူးဘား နိုင်ငံ က တရုတ် နိုင်ငံ မှ ကူညီပေးအပ်သော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၂၃ တန် ရရှိ
ဟာဗာနာ ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံက ကျူးဘား နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပေးအပ်သည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများသည် သြဂုတ် ၁၈ ရက်တွင် ကျူးဘား နိုင်ငံ သို့ ရောက် ရှိ လာခဲ့ကြောင်း သိရသည်။ယခု နောက်ဆုံးကြိမ် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းသည် ကျူးဘားနိုင်ငံသို့ ၆ ကြိမ်မြောက် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ခြင်းဖြစ်ကြောင်း နှင့် ယင်းပစ္စည်းများထဲတွင် အမြန်စမ်းသပ်မှု ကိရိယာများ ၊ အချိန်မှန် မော်လီကျူး ဇီဝဗေဒ စမ်းသပ်မှု ပြုလုပ်ပေးသည့် ကိရိယာများ နှင့် PCR ဟု လူသိများသော ဆေးများ ပါဝင်ကြောင်း သိရသည်။
ကျူးဘား နိုင်ငံ သမ္မတ Miguel Diaz-Canel က နိုင်ငံတွင် အရေးပေါ် လိုအပ်နေသည့် ကျန်းမာရေး ကိစ္စရပ် အတွက် တရုတ် နိုင်ငံ မှ ကူညီပံ့ပိုးပေးခြင်းအပေါ် ကျေးဇူးတင်ရှိ ကြောင်း ပြောကြား ခဲ့သည်။ဧပြီလလယ်ပိုင်း မှ စတင်၍ တရုတ် နိုင်ငံ က ကျူးဘား နိုင်ငံ သို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း တန်ချိန်ပေါင်း ၈၀ ခန့် ကူညီပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ကျူးဘား နိုင်ငံ ကျန်းမာရေး စနစ် တည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ (Xinhua)