Videos
ကြည်ညိုသပ္ပါယ်ဖွယ်ကျောက်သားဗုဒ္ဓရုပ်ပွားတော်များ
ဟီနန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် မြတ်စွာဘုရားရှင်နှင့် နောက်လိုက်တပည့်ရဟန်းတို့အား ကိုယ်စားပြုကာ ထွင်းထုပူဇော်ထားသည့်ရုပ်ပွားတော်များကို ဖူးမြော်လေ့လာနိုင်သည်။ အရွယ်အစားအားဖြင့် ၂၅ မီလီမီတာ မှသည် ၁၇ မီတာခန့်ရှိ ရုပ်တုပေါင်း ၁သိန်းကျော် အား ကျောက်ဂူပေါင်း ၂၃၄၅ ခုအတွင်းတွင် ထုလုပ်ထားရှိသည်။ ထို့အပြင် ကျောက်သားပန်းပုများနှင့် ကဗ္ဗည်းကျောက်စာချပ်ရေပေါင်း ၂၅ဝဝ လည်း လေ့လာနိုင်သောကြောင့် ရှေးဟောင်းကျောက်စာတောအုပ်ဟူ၍တင်စားခေါ်ဝေါ်ကြသည်။ ဗုဒ္ဓဘုရားပုထိုး ၈ဝ ကျော်ကိုလည်း ထို ကျောက်တောင်များထဲတွင် ဖူးမြော်နိုင်သည်။ ထိုရုပ်ပွားတော်များကို မြောက်ပိုင်းဝေ မင်းဆက် (အေဒီ ၃၈၆ – ၅၅၇) မှ ဆုန်မင်းဆက် (၉၆ဝ- ၁၂၇၉) တွင်ထွင်းထုပူဇော်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ကျောက်သားပန်းပု အနုပညာများကို ထင်ဟပ်ပြသသည့် အဆိုပါ ကျောက်သားရုပ်တုတော်များ ကို ၂ဝဝဝ ခုနှစ်တွင် UNESCO က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့သည်။ (Xinhua)