Connect with us

Videos

ဂင်းနစ်စံချိန်တင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးလက်ဘက်ခြောက်အားတွေ့ရှိ

ရှန်ရှီး၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှိ နှစ်ပေါင်း သက်တမ်း ၂၁ဝဝ နီးပါးရှိပြီဖြစ်သော အုတ်ဂူထဲတွင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးလက်ဘက်ခြောက်အား ရှာဖွေတွေ့ရှိပြီးနောက် ထို လက်ဘက်ခြောက်မှာ ဂင်းနစ်စံချိန်တင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးလက်ဘက်ခြောက်ဖြစ်လာသည်။
အဆိုပါ တူးဖော်တွေ့ရှိမှုကို ရှန်ရှီးပြည်နယ် ရှေးဟောင်းသုတေသနကျောင်းက သုတေသီများသည် ဟန်ရန်လင်းသင်္ချိုင်းအား ၁၉၉၈ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ တူးဖော်စဉ်တွေ့ရှိခဲ့သည်။ သို့ရာတွင် ၂ဝ၁၅ ခုနှစ်အထိ သုတေသီများသည် ထို လက်ဘက်ခြောက်ကို အသေးစိတ်လေ့လာဆန်းစစ်မှုများစွာ ပြုလုပ်ခဲ့ကြပြီးနောက် နှစ်ပေါင်း ၂၁ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်းသက်သေပြနိုင်ခဲ့သည်။
လက်ဘက်ရွက်များကို ဧကရာဇ်ဘုရင် လွီကျီလက်ထက်တွင် မြှုပ်နှံထားခဲ့ခြင်းဖြစ် သည်။ သုတေသီများက ဟန်မင်းဆက် လက်ထက်ကတည်း က လက်ဘက်ရည်ကြမ်းသောက်သည့် ဓလေ့ ကို စတင်ခဲ့ကြကာ ထိုဓလေ့ကို အာရှတိုက်အလယ်ပိုင်းဒေသအထိ ယူဆောင်ခဲ့ဖွယ်ရှိဟု လက်ဘက်ရွက် အမျိုးအစား ကိုကြည့်၍ ခန့်မှန်းခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.