Connect with us

Videos

ဂျပန်လူမျိုးတစ်ဦး တရုတ်နိုင်ငံတွင်အရိပ်ရသစ်ပင်ပေါင်း ၁ဝ သန်းစိုက်ပျိုးခဲ့

ရှန်ရှီး၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်ပိုင်းတွင် လွန်ခဲ့သည့် ၂၄ နှစ်က စတင်ပြီး ဂျပန်လူမျိုး အသက် ၆၈ နှစ်အရွယ် ကူနီရို တာကာမိ ဆိုသူက အရိပ်ရသစ်ပင်ပေါင်း ၁ဝ သန်းကို မြေရိုင်း ဧက ၆ ထောင် တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်ကတည်းကစတင်ကာ မြေအနည်းငယ်တွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၎င်းသည် စိုက်ပျိုးရေး ပညာရှင်များ စိုက်ပျိုးရန်ခက်ခဲသည့် ကျတ်တီးမြေတွင် အပင်များကို ရှင်သန်အောင် စိုက်ပျိုးနိုင်ခဲ့ သူဖြစ်သည်။ ယခု ဆိုလျင် ၎င်းစိုက်ပျိုးခဲ့သည့် အပင်များမှာ ၂ ထပ်တိုက်အမြင့်ခန့်ပင် ကြီးထွားလာနေပြီဖြစ်သည်။ ဒေါ်လာ ၇.၇ သန်း ကို တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးဒေသ သဲမြေ တွင် သစ်ပင်များရှင်သန်အောင် စိုက်ပျိုးနိုင်ဖို့အတွက် ရန်ပုံငွေ မတည်ပေးခဲ့သည်။ တစ်နှစ်တွင် ၃ လ ၄လ ခန့် တရုတ်နိုင်ငံတွင် လာရောက်အပင်စိုက်ပျိုးလေ့ရှိပြီး အလုပ်အကိုင်အတွက် ဂျပန်နိုင်ငံသို့ ပြန်လျက်ရှိသည်။မြို့ထဲတွင်သစ်တောစင်တာတစ်ခုကို တည်ထောင် ထားပြီး ဂျပန်နှင့် တရုတ်နိုင်ငံတို့က သစ်တောကျွမ်းကျင်သူများကို ဖိတ်ခေါ်ခဲ့ကာ ကြုံတွေ့ရသည့် သစ်တော ဆိုင်ရာ ပြဿနာများကို ဖြေရှင်းစေသည်။ မကြာသေးခင်နှစ်များက ဖြစ်ပွားခဲ့သည့် တရုတ်-ဂျပန် ဆက်ဆံရေး အေးစက်မှုသည် တာကာမိအတွက် စိတ်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ “အစပိုင်းကတော့ ဂျပန်အစိုးရ က ဒီအစီအစဉ်အတွက် ရက်ရက်ရောရော ထောက်ပံ့ပေးပါတယ်။ ငွေကြေးအချို့လည်းပေးပါတယ်။ ဒါပေမယ့်အခုတော့မရတော့ပါဘူး။ အခု ထောက်ပံ့ငွေကြေးရဖို့ တော်တော်ခက်သွားပါပြီ။” လယ်သမားများ စိုက်ပျိုးရေးအစီအစဉ်အောင်မြင်စေရန်အတွက် ကနဦး ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တကာမိ သဘောပေါက်လာခဲ့သည်။သူသည် အနှစ် ၂ဝ ခန့်အချိန်ယူ ပြီး သစ်တော တစ်ခုကို ဖန်တီးခဲ့ရသည်။ သို့သော် ဒေသခံလယ်သမားများက မူ ထိုသို့မစောင့်နိုင်ကြချေ။ အရိပ်ရ အပင်မစိုက်ခင် ငွေကြေးဆင်းရဲမှုကိုတော့လျှော့ချဖို့လိုပါလိမ့်မယ်။ ဒေသခံတောင်သူတွေက အရိပ်ရ သစ်ပင်တွေကို စိုက်ပျိုးလိုစိတ်မရှိကြပါဘူး။ သူတို့က တရုတ်ဇီးသီးပင်များကို သာ စိုက်ပျိုး ဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒါမှ သူတို့ ဝမ်းရေးအတွက်ပိုက်ဆံတွေရှာနိုင်မှာပေါ့။” (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.