Connect with us

Videos

ငလျင်ဒဏ်ခံစားခဲ့ရပြီး ၃ နှစ်အကြာတွင်ကောင်းမွန်စွာပြန်လည်ထူထောင်နိုင်ခဲ့သည့် လုရှန်မြို့

လုရှန်၊ ဧပြီ ၂ဝ ရက် (ဆင်ဟွာ)

၂ဝ၁၃ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့ (လွန်ခဲ့သည့် ၃နှစ်) အချိန်၌ စီချွမ်ပြည်နယ် လုရှန်မြို့၌ ရစ်ချ်တာစကေး 7.0 အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်ကို လူပေါင်း ၁ထောင်ခန့် ခံစားခဲ့ရပြီး ၁၉၆ ဦးသေဆုံးခဲ့သည်။

မိသားစုပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။မြို့အချို့က အဆောက်အဦးများစွာလည်းပြိုကျပျက်စီးခဲ့သည်။သုံးနှစ် တင်းတင်းပြည့်ချိန်တွင်တော့ မြို့အချို့ကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါပြီ။

ဗဟိုအစိုးရ သည် လုရှန်မြို့ပြန်လည် တည်ဆောက်ရန်အတွက် ဒေါ်လာ ၇ ဘီလီယံ အကုန်အကျခံသုံးစွဲရန် လျာထားခဲ့သည်။

အိမ်ထောင်စုပေါင်း ၃၃ဝဝဝ အတွက် အိမ်ရာအသစ်များကို ပြန်လည်တည်ဆောက်ပေးပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.