Connect with us

Videos

စက်ရုပ်နှင့်လူသားအားပြိုင်ပွဲ တွင် ပါဝင်ခဲ့သည့် စက်ရုပ်ကြက်တောင်ကစားသမား

ကွမ်ရှီး၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ် နန်နင်းမြို့ရှိ Li Ning အားကစားခန်းမတွင် အမြင့် ၀.၆၅ မီတာမျှသာရှိသော ကြက်တောင်ရိုက်နိုင်သည့် စက်ရုပ်တစ်ရုပ် သည် လူသား ကြက်တောင်အားကစားသမားများ နှင့်ယှဉ်ပြိုင်ကစားခဲ့သည်။  စက်ရုပ် ၏ အမြင့်သည် ၁ မီတာပင်မပြည့်သောကြောင့် မြန်ဆန်မှုနှင့် အမြင့်ရိုက်ချက်များ အတွက် ပိုမိုအားထုတ်ခဲ့ရကြောင်း သိရသည်။ 

စက်ရုပ်နှင့်လူသားအားပြိုင်ပွဲ ဟုအမည်ပေးထားသည့် အဆိုပါ ကြက်တောင်ရိုက်ပွဲကို ၁၂ ကြိမ်မြောက်ကွမ်ရှီးအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို ဩဂုတ် ၈ ရက် က စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကြက်တောင်ကိုလေထဲတွင် ၁၅ ကြိမ်ထက်မနည်း အပြန်အလှန်  ရိုက်နိုင်မှသာ စက်ရုပ်အပေါ် အနိုင်ရသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.