Videos
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ မေလ ၁၀ ရက် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးက မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သည့် ကြိုးစားဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုတရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ၎င်းက နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများသည် နှစ်နိုင်ငံတည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် အထူးအရေးပါ သောကြောင့် မူးယစ်တားမြစ်တိုက်ဖျက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးစသည့် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အား ထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှု စီမံကိန်း များဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် အောင်မြင်မှုသစ်များရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအစဉ်အလာမပြတ်တည်ရှိနေသည့် ချစ်ကြည်ရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးနှင့်မူးယစ်ဆေးဝါးတားမြစ်တိုက်ဖျက်ရေးစသည့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)