Videos
တရုတ် နိုင်ငံ မှ အီတလီ သို့ ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများစွာ ထပ်မံ ပို့ဆောင်
ရှီးအန်း ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ သည် သြဂုတ် ၁၂ ရက် တွင် ရထားတွဲပေါင်း ၄၅ တွဲ ရှိသည့် ကုန်တင် ရထား ဖြင့် တရုတ် နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီး ပြည်နယ် ရှီးအန်း မြို့ မှ အီတလီ နိုင်ငံ မီလန်မြို့ သို့ စတင်ထွက်ခွာ သွားခဲ့သည်။
ယခုအကြိမ် ပို့ဆောင်ခဲ့သည့် ထောက်ပံ့ရေးပစ္စည်းများ တွင် နှာခေါင်းစည်း အခုရေ ၃၆၈,၃၀၀ ခု နှင့် နှာခေါင်းစည်း ထုတ်လုပ်ရာ အတွင် အသုံးပြု သည့် ကုန်ကြမ်းလွှာ ၉၄.၉ တန် ပါဝင်သည်။ ယင်း အလွှာလိပ် များသည် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသော ကုန်ကြမ်းပစ္စည်း ဖြစ်သည်။
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန် မှ စတင်၍ တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှု သည် နိုင်ငံတကာ ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် တည်ငြိမ်မှု ရရှိရန် အတွက် ကူညီပေး နိုင်ခဲ့ပြီး အရေးပါသည့် ကဏ္ဍ မှ ပါဝင်ခဲ့ကာ အထူးသဖြင့် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်း ပို့ဆောင်ရာ တွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
ဇူလိုင် လကုန်ချိန် အထိ ကုန်တင် ရထားဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း အခုရေ ၄.၉၇ သန်း ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး အလေးချိန် အားဖြင့် ၃၉,၀၀၀ တန် ရှိကြောင်း သိရှိရသည်။ (Xinhua)