Videos
တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ချမ်းပိုင်တောင် နှင့် ချိတ်ဆက်ပေးသော အမြန်ရထားလမ်း တည်ဆောက်
ကျီလင် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင် မြို့ တွင် အမြန်ရထားလမ်းသစ် တစ်ခု တည်ဆောက်နေပြီး အဆိုပါ ရထားလမ်း က ချမ်းပိုင်းတောင်ခြေ အထိ ရောက်ရှိနိုင်အောင် ချိတ်ဆက်ပေးမည် ဖြစ်ကာ ချမ်းပိုင်တောင် ၏ ထင်ရှားသော ရေခဲ နှင့် နှင်း ရှုခင်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။
၁၁၃ ကီလိုမီတာ ရှည်လျားသော ရထားလမ်း ခင်းခြင်း လုပ်ငန်း အား သြဂုတ် ၂၀ ရက် ၌ စတင် ခဲ့ပြီး တွင်ဟွာ မြို့ နှင့် အယ်သောက်ပိုင်ဟယ် မြို့ တို့ကို ချိတ်ဆက်ပေးမည် ဖြစ်သည်။
တည်ဆောက်မှုလုပ်ငန်း အား ၂၀၁၇ ခုနှစ် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အချိန်အားဖြင့် ၄ နှစ် ကြာမြင့်မည်ဟု မျှော်လင့်ထားပါသည်။ ရထားလမ်း အား တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည်။ ရထားလမ်း သစ် က ချမ်းပိုင်တောင် ခရီးသွားလုပ်ငန်း အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)