Videos
တရုတ်-မြန်မာ (၅) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကျင်းပ
နေပြည်တော် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)
စက်တင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော် ၌ကျင်းပပြုလုပ်သည့်တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးအား တရုတ်နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ကော်စိမ်းခွန်း (Guo Shengkun) နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးမစ္စတာ ဟုန်လျန် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဌာန ဝန်ကြီး ကော်စိမ်းခွန်း နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တို့က ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)