Videos
တရုတ်-အိန္ဒိယ ယောဂ ကွန်ဖရင့်စ် ဖွင့်လှစ်
ကူမင်း၊ မေ၂ဝ ရက် (ဆင်ဟွာ)
မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံသား ယောဂလေ့ကျင့်သူပေါင်း ၁ဝဝဝ ခန့်ပါဝင်သည့် အဖွဲ့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြို့တော် ကူမင်းတွင် စုပေါင်းယောဂလေ့ကျင့်ကြကာ တရုတ်-အိန္ဒိယယောဂကွန်ဖရင့်ကို ဖွင့်လှစ်ခဲ့ကြသည်။
မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ကွန်ဖရင့်တွင် အိန္ဒိယနိုင်ငံက ယောဂနည်းပြ ဆရာများ၏ သင်ရိုးများနှင့် ယောဂလေ့ကျင့်နည်း မိတ်ဆက်သင်ရိုးများအပါအဝင် ယောဂဆိုင်ရာ လှုပ်ရှားမှုများစွာပါဝင်မည်ဟုသိရသည်။
ယောဂလေ့ကျင့်ခြင်းသည် တရုတ်နိုင်ငံတွင် မကြာသေးမှီနှစ်များတွင်ကမှ တွင်ကျယ်လာခဲ့သည်။ နိုင်ငံ၏ အားကစားလေ့ကျင့်ခန်းပေါင်း ၅ဝဝဝဝတွင်လည်း ယောဂ သင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယောဂလေ့ကျင့်နည်းသည် တရုတ်ရိုးရာ ထိုက်ချိအားကစားနှင့် အနည်းငယ်ဆင်တူ သောကြောင့် တရုတ်နိုင်ငံတွင် တဖြေးဖြေး လူကြိုက်များလာခဲ့သည်။ အိန္ဒိယနိုင်ငံက ယောဂ ပညာကိုလေ့လာ သင်ယူလိုသူများနှင့် အိန္ဒိယမှ ယောဂဆရာများနှင့် ထပ်မံ သင်ယူလိုကြသူများအတွက် လည်း ယခု ကွန်ဖရင့်က အထောက်အကူပြုနိုင်မည်ဖြစ်သည်။ (Xinhua)