Videos
တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အစိမ်းရောင်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ဘီလီယံ၈၀ အထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင် ၂၀၁၁ခုနှစ်မှ စ၍ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေသည့် အစိမ်းရောင်စွမ်းအင် ထုတ်လုပ်မှုများဖြင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ဘီလီယံ ၈၀ အထိဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရှင်းကျန်း လျှပ်စစ်ဌာနခွဲမှ သိရသည်။
အဓိကအားဖြင့် လေ နှင့်နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ၆၉.၁၂ သန်းနှင့်ဆာလဖာဒိုင်အောက်ဆိုဒ်တန်ချိန် ၂၁၈,၀၀၀ ထုတ်လွှင့်မှုတို့ ကိုလျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)