Connect with us

Videos

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အမွှာပွဲတော်ကျင်းပခဲ့

ယူနန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် အမွှာပွဲတော်ကျင်းပခဲ့ရာ အမွှာအတွဲပေါင်း ၁ထောင်ကျော် စုဝေးပါဝင်ခဲ့ကြောင်းသိရသည်။ ၂ ရက်ကြာကျင်းပသည့် အမွှာပွဲတော် တွင် ပါဝင်ဆင်နွှဲသူများက တစ်ဦးနှင့်တစ်ဦး အိုးမဲသုတ်ကာရိုးရာပွဲတော်ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
“ကျွန်မ တစ်ကိုယ်လုံး မဲတူးနေတာပဲ။ ဒါပေမယ့်ကျွန်မပျော်တယ်။ ဒီမှာ ပွဲတော်တစ်ခုရဲ့အငွေ့အသက်တွေရှိတယ်။ ဒီကိုလာတဲ့သူတွေအကုန်လုံးလည်း အရမ်းခင်ဖို့ကောင်းပါတယ်။”
ပွဲတော်သို့လာရောက်သူများ တစ်ဦးနှင့်တစ်ဦးအိုးမဲများသုတ်ခြင်း ၊ ရွှံ့စေး သုတ်ခြင်းများကို ဓလေ့တစ်ခုအနေဖြင့် ကျင်းပခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အမွှာများမှ ပွဲတော်ကိုလာရောက်ဆင်နွှဲကြပြီး လူအများစု စိတ်ဝင်စားမှုခံရသောပွဲတော်တစ်ခုလည်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.